About Nebwin POS
Nebwin POS အကြောင်း
"နည်းပညာဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက် တကယ့် 'အားကိုးရာ' တစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် Nebwin Tech အနေနဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာ့လုပ်ငန်းငယ်တွေ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးနှေးကွေးတဲ့ အရောင်းစနစ်တွေကို သေချာလေ့လာခဲ့တယ်။ ဆိုင်ရှင်တွေ တကယ်လိုအပ်နေတဲ့ အရာက ဘာလဲဆိုတာကို ရှာဖွေခဲ့တယ်။ ဆိုင်ခန်း၊ ကော်ဖီဆိုင်၊ စတိုးဆိုင်တွေရဲ့ လက်တွေ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် ခေတ်မီ Nebwin POS စနစ်လေးကို ၂၀၂၄ ခုနှစ်မှာ ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။"
- Our Mission (ရည်ရွယ်ချက်)"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်။ မြန်မာ့လုပ်ငန်းရှင်တွေကို သုံးရလွယ်ကူပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ လက်ဆင့်ကမ်းပေးဖို့ပါပဲ။ နည်းပညာရဲ့ အကူအညီနဲ့ သင့်လုပ်ငန်းကို အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာစေချင်တာ ကျွန်တော်တို့ရဲ့ ဆန္ဒပါ။"
- Our Vision (အနာဂတ်မျှော်မှန်းချက်) "ဆိုင်အကြီး၊ အသေး မခွဲခြားဘဲ လုပ်ငန်းတိုင်းဟာ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်မှာ ခိုင်မာတဲ့ နေရာတစ်နေရာ ရရှိပိုင်ဆိုင်လာဖို့၊ နည်းပညာနဲ့အတူ တောက်ပတဲ့ အနာဂတ်တစ်ခုကို ပုံဖော်ဖန်တီးနိုင်ဖို့ ရည်မှန်းထားပါတယ်။"
- Why Nebwin POS? (ဘာကြောင့် Nebwin POS လဲ?) "ကျွန်တော်တို့အဖွဲ့သားတွေဟာ နည်းပညာကို အလေးပေးရုံသာမက ၊, ဒေသတွင်းဈေးကွက်ကိုပါ သေချာလေ့လာ နားလည်ထားသူတွေ ဖြစ်ပါတယ်။ မြန်မာ့ SME လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ စိတ်အားထက်သန်မှုတွေကို ပေါင်းစပ်ပြီး အကောင်းဆုံး ကူညီပံ့ပိုးပေးသွားမှာပါ။"